အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ယနေ့နံနက် ပိုင်းတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုစုပေါင်း (၉) ဖွဲ့မှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားမှုအခြေအနေ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကိစ္စများ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများ၊ နှစ်ဖက်ဆက်လက်တွေ့ဆုံ ညှိနှိုင်းရေးကိစ္စများ၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းကိစ္စများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်များမှ တစ်ဖွဲ့ချင်းစီ၏ သဘောထားများကို အလွတ်သဘော ဆွေးနွေးပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ညှိနှိုင်းရေးကော်မတီသည် တက်ရောက်လာကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးအား သီးခြားစီ တွေ့ဆုံကာ နယ်မြေ တည်ငြိမ်အေးချမ်းရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn