အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ၇ ဖေဖော်ဝါရီ

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လျက်ရှိသည့် စာရင်းစစ်-၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၅၀ မှ သင်တန်းအုပ်ချုပ်သူနှင့် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၁၂၅ ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြသည်။        

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်သည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၂၂၃၃၁ ဦးနှင့် ပြည်ပဧည့်သည် ၂၃၀၃ ဦးရှိကြောင်း၊ လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များထံ လိပ်မူ၍ သုံးရက်ကြိုတင် ပေးပို့နိုင်ပါကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်