အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ၂၀ ဖေဖော်ဝါရီ

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သပြေကုန်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၇၃ ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြကြောင်း သိရသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်သည့်ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်း ဧည့်သည် (၂၂၆၃၈) ဦးနှင့် ပြည်ပဧည့်သည် (၂၃၀၃) ဦးရှိကြောင်း၊ လွှတ်တော်သို့လာ ရောက်လေ့လာလိုပါက ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များထံ လိပ်မူ၍ သုံးရက်ကြိုတင်ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်