အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ၆  မတ်

           

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဉပဒေပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာခင်ချစ်ချစ် ဦးဆောင်မှုဖြင့် စီးပွားရေးဆိုင်ရာ ဉပဒေဒီပလိုမာသင်တန်းအမှတ်စဉ် (၂၁)၊ အပြည်ပြည်ဆိုင်ရာ ဉပဒေ ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၇)၊ ပင်လယ်ရေကြောင်းဆိုင်ရာဉပဒေ ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁၈) နှင့် အသိဉာဏပစ္စည်းဆိုင်ရာဉပဒေ ဒီပလိုမာသင်တန်းအမှတ်စဉ် (၄) တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ချုပ်သူ ဆရာ၊ ဆရာမများ စုစုပေါင်း ၁၂၇ ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်သည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၂၂၉၈၄) ဦးနှင့် ပြည်ပဧည့်သည် (၂၃၀၃) ဦးရှိကြောင်း၊ လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များထံ လိပ်မူ၍ သုံးရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။

 

 သတင်းစဉ်