အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Jan Hornik နှင့်အဖွဲ့အား  လက်ခံတွေ့ဆုံ

နေပြည်တော်  ၁၀  ဖေဖော်ဝါရီ 

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Jan Hornik နှင့်အဖွဲ့အား ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ချက်သမ္မတနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်အချင်းချင်းပိုမိုရင်းနှီးစွာ ဆက်သွယ် ဆောင်ရွက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

 

‌ေ

 

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော်နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

(သတင်းစဉ်)