အမျိုးသားနိုင်ငံရေးတာဝန် ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်

မတ် ၃၀၊ ၂၀၂၂

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ရေးရပြီးကာလများတွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်အပြင် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဖြစ်ပေါ်လာသော တိုင်းပြည်လိုအပ်ချက်ကိစ္စအဝဝတို့ကို   အမျိုးသား နိုင်ငံရေး တာဝန်အဖြစ်ခံယူပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ဒို့တာဝန်အရေး (၃)ပါးကို ထိခိုက်လာနိုင်သည့် အန္တရာယ်များကို အလေးထား ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။

မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ “ခြိမ်းခြောက်အကျပ်ကိုင်မှုရှိတဲ့ အခြေအနေမျိုးဟာ တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူး။ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဟာ တည်ငြိမ်အေးချမ်းမှုရှိပြီး လက်နက်ကိုင် အနိုင်ကျင့်ခြိမ်းခြောက်ဗိုလ်ကျမှုများနဲ့ ကင်းစင်ဖို့အရေးကြီးတယ်” ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၇)နှစ် မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက် ပွဲတွင်  မဲစာရင်းမှားယွင်းမှုများအား  ရည်ရွယ်ချက်ရှိရှိ  ဆောင်ရွက်ခဲ့သည်ကို မြင်တွေ့ကြားသိရပြီးဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်မှ ဖြေရှင်း ပေးပါရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိခဲ့သည့်အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို မသမာ သည့်နည်းလမ်းဖြင့်   အဓမ္မရယူရန်  ကြံစည်ကြိုးပမ်းခဲ့ကြသည်။  ထို့ကြောင့် နိုင်ငံတော်ကို   အရေးပေါ်အခြေအနေကြေညာပြီး   ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန် ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တတာဝန်ယူ ထိန်းသိမ်းဆောင်ရွက်လျက် ရှိသည်။ 

နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံ တော်ကို တည်ငြိမ်အေးချမ်းပြီး ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ၌ အဖျက်အမှောင့် အနှောင့်အယှက်များသည် အဓိကကျသော ဟန့်တားမှုဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းမှသာ လူမှုဘဝ တိုးတက်မြင့်မားစေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နိုင်မည်ဖြစ်သည်။ 

နိုင်ငံတော်တွင် အဖျက်အမှောင့်အနှောင့်အယှက်များ မည်မျှပင်ရှိသည်ဖြစ်စေ တပ်မတော်အနေဖြင့် သမိုင်းအစဉ်အဆက် ကောင်းမြတ်သောအစဉ်အလာများနှင့် တိုင်းပြည်ရန်စွယ်အန္တရာယ်များကို ကာကွယ်တိုက်ဖျက်နိုင်သော အတွေ့အကြုံ များအရ လုံးဝတည်ငြိမ်အေးချမ်းလာအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် သည်။ တစ်ချိန်တည်းတွင် ရည်မှန်းထားသော အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ် ဖြစ်သည့်   တိုင်းပြည်သာယာဝပြောရေးနှင့်  စားနပ်ရိက္ခာဖူလုံရေး၊   နိုင်ငံရေး လုပ်ငန်းစဉ် (၂) ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ခြင်းအပါအဝင် ငြိမ်းချမ်းရေးနှင့်  အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် နိုင်ငံတော်က ရည်မှန်းဆောင်ရွက်လျက်ရှိသော အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ် (၂)ရပ်ကို ကြည့်မည် ဆိုလျှင် နိုင်ငံတော်နှင့်  တိုင်းရင်းသားပြည်သူများအကျိုးစီးပွားကို ဦးတည် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်တွင်း၊ ပြည်ပ မှ  သွေးထိုးလှုံ့ဆော်နှောင့်ယှက်မှုများ၊  စိတ်ဝမ်းကွဲပြားအောင်   ဆောင်ရွက်မှု များကြောင့် ပဋိပက္ခများ၊ အနှောင့်အယှက်များ  များစွာရှိနေသည်ကို  တွေ့ရမည် ဖြစ်သည်။ သို့သော် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအကျိုးစီးပွားနှင့် လိုအပ်ချက်များကို မှန်ကန်စွာဆောင် ရွက်နေသောကြောင့် တိုင်းရင်းသားပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် အတူ ပူးပေါင်းလက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ တပ်မတော်သည် နိုင်ငံရေးတွင် ဝင်ရောက်ဆောင်ရွက်နေခြင်းမဟုတ် ဘဲ နိုင်ငံတော်၏ အရေးဖြစ်သည့် တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကို ပုံဖော်ပေးနေခြင်းဖြစ်ပြီး  နိုင်ငံတော်နှင့်  တိုင်းရင်းသားပြည်သူများအကျိုး စီးပွားအတွက်   အမျိုးသားနိုင်ငံရေးတာဝန်များကို   ဦးလည်မသုန်  ကျေပွန်စွာ ထမ်းဆောင်နေပါကြောင်း။    ။

ကြေးမုံ