အမျိုးသမီးလိဂ်တွင် YREO နှင့် အား/ကာဦးစီးဌာန သရေကျ

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃) နောက်ဆုံးနေ့ကို ယနေ့ ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ YREO အသင်းနှင့် အား/ကာဦးစီးဌာနအသင်း တို့ နှစ်ဂိုးစီသရေကျခဲ့သည်။

နိုင်ပွဲဆက်နေသည့် အား/ကာဦးစီးဌာနအသင်းသည် သုံးပွဲဆက်အနိုင်ရရန် ကြိုးပမ်းသော်လည်းသရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။  နိုင်ပွဲဆက်နေသည့် အသင်းများအနက် မြဝတီအသင်းသာ အနိုင်ရခဲ့၍ အား/ကာဦးစီးဌာနအသင်းမှာလည်း သုံးပွဲဆက်အနိုင်ရရန် ကြိုးပမ်းခဲ့သော်လည်း နိုင်ပွဲဆက်မှုရပ်တန့်ခဲ့သည်။

၄၅ မိနစ်တွင် သင်ဇာချိုက အား/ကာဦးစီးဌာနအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၆၅ မိနစ်တွင် နွယ်နီဝင်းက YREO အတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ လေးမိနစ်အကြာတွင် နွယ်နီဝင်းက YREO အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ အား/ကာဦးစီးဌာန အသင်းအတွက် ချေပဂိုးကို ၇၉ မိနစ်တွင် မြတ်နိုးနွယ်က သွင်းယူခဲ့သည်။

ပွဲစဉ် (၃) အပြီးတွင် လက်ရှိချန်ပီယံ မြဝတီအသင်းက ကိုးမှတ်၊ အား/ကာသိပ္ပံ၊ အား/ကာဦးစီးဌာနနှင့် သစ္စာအားမာန်တို့က ခုနစ်မှတ်စီရထားသည်။

 

ရဲရင့်ရှိုင်း