အမျိုးသမီးတွေ ဘာလို့ ဆံပင်ကျွတ်တာလဲ အကြောင်းအရင်း နှင့် ကုသမှု

နေပြည်တော် ၁၂ ဒီဇင်ဘာ

အမျိုးသမီးတွေမှာ ဆံပင်ပါးတာ၊ ဆံပင်ကျွတ်တာတွေက ဗီတာမင် ချို့တဲ့တာနှင့် တခြားသော ကျန်းမာရေး ရှု့ထောင့်တွေကြောင့် ဖြစ်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ  ဆံပင်ကျွတ်တာကို သက်သာအောင်ဆိုရင် ကုသနည်း အမျိုးမျိုး ရှိနေပါတယ်။  ဒါပေမယ့် အမျိုးသားတွေက အမျိုးသမီးတွေထက် ဆံပင်ပိုပြီး ကျွတ်လေ့ရှိပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေမှာ သူတို့ရဲ့ သဘာဝကိုက ထိပ်ပြောင်တတ်တဲ့ အကြောင်းအရင်းမျိုးတွေ ရှိနေတာကြောင့်ကိုတော့ ပညာရှင်များက ဆိုပါတယ်။

 

 

ဒီနေ့ တင်ပြမှာကတော့ အမျိုးသမီးတွေမှာ  ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာ ၅ မျိုးနှင့် အဲဒီအကြောင်းအရာကို ကာကွယ်၊ ကုသနည်း ၅ မျိုး ဘဲဖြစ်ပါတယ်။

ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာ ၅ မျိုး

၁။ သားဆက်ခြားဆေး သောက်သုံးခြင်း

သားဆက်ခြားဆေး သောက်သုံးခြင်းအားဖြင့် ဟိုမုန်းအပြောင်းအလဲကို ဖြစ်စေပါ။ အဲဒီလို ကိုယ်ခန္ဓာက ဇီဝကမ္မ အပြောင်းအလဲမှာ ဦးခေါင်းပေါ်ရှိ ဆံပင်ကို အကျိုးသက်ရောက် စေသောကြောင့် ဖြစ်ပါတယ်။ တခါ သားဆက်ခြားဆေး တစ်မျိုးကနေ တစ်မျိုးပြောင်း သောက်သုံးခြင်း၊ ဆေးသောက်ရပ်လိုက်ခြင်း စသည်တို့ပါ အကြုံးဝင်ပါတယ်။

၂။ အစားအစာ

ဆံပင်သန်ခြင်းက အစားအစာပေါ်မှာ မူတည်နေကြောင်း လက်တလော လေ့လာချက်တွေအရ  သိရပါတယ်။ ဥပမာ ကယ်လဆီယမ်၊ သံဓာတ်၊ ပရိုတိန်း၊ ဗီတာမင် A၊ ဗီတာမင် B ဒါမှမဟုတ် ဘိုင်အိုတင် လို့ခေါ်တဲ့ ဗီတာမင် B7 တွေ အစားအစာမှာ မပါဝင်ခဲ့လျှင် ဆံပင်ကျွတ်စေပါတယ်။

၃။ ခေါင်းလျှော်ရည်ခြောက် (dry shampoo) ကို သုံးခြင်း

ခေါင်းလျှော်ရည်ခြောက်က ဆံပင်ကို ရေနဲ့ထိစရာ လျှော်ချစရာမလိုဘဲ အလျှင်အမြန် ဆံပင်ကို လျှော်ပေးတဲ့ ခေါင်းလျှော်ရည် တစ်မျိုးပါ။ အဲဒီ အရည်ကို သုံးခြင်းအားဖြင့် ဆံပင်ပေါက်တဲ့ မွေးညှင်းပေါက်တွေကို အားနည်းစေတဲ့အတွက် ဆံပင်ကို မသန်စေတော့ဖြစ်ပါတယ်။

၄။  လိုအပ်တာထက်ပိုပြီး ဆံပင်ကို ကိုင်တွယ်ခြင်း

မကြာခဏ ဆံပင်တွေကို ဓာတုဆေးဝါးများသုံးပြီး ဖြောင့်ခြင်း၊ ကောက်ခြင်း သုံးခြင်းကလည်း မွေးညှင်းပေါက်တွေကို ပျက်စီးစေတဲ့အတွက် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းကို ဖြစ်စေပါတယ်။

၅။ စိုးရိမ်ကြောင့်ကျနေခြင်း

စိုးရိမ်ကြောင့်ကျခြင်း (Stress) များနေခြင်းက ဆံပင်ကျွတ်စေပါတယ်။ stress များလာရင် ဟိုမုန်း အပြောင်းအလဲ ဖြစ်တာမျိုး (သို့မဟုတ်) အန်ဒရိုဂျင် မြှင့်တက်လာမျိုးတွေ ဖြစ်လာပါတယ်။ အဲဒီအခါ ဆံပင်ကျွတ်စေပါတယ်။ ဒါ့အပြင် stress ကနေ ဗောက်ထခြင်းစတဲ့ ဦးရည်ဖျားကို အနာတရဖြစ်စေတာမျိုး၊ အစားအသောက် ပျက်တာမျိုးကနေ ဆံပင်တာမျိုးအထိ ဖြစ်စေတာလို့ ဆိုလိုတာပါ။

သာဘာဝအတိုင်း ကုသခြင်း

၁။ ဆံပင်ပုံ စတိုင်ကျဖို့အတွက် အသုံးပြုတဲ့ နည်းလမ်းတွေမှာ ကျွမ်းကျင်ပါ။

ဆံပင်တွေကို စုပြီး ထုံးထားတာက အမြင်မှာ စတိုင်ကျတယ်လို့ ထင်ရပေမယ့် ကိုယ့်စိုးရိမ်ကြောင့်ကျတာကို ခေါင်းပေါ်တင်ထားမျိုးလို့ တွေးဖူးပါသလား။ နောက် serum နှင့် ဆံပင်ပုံကျအောင် လိမ်းတဲ့အရာတွေက ကိုယ့်ရဲ့ဆံပင်တွေ မလိုအပ် အချိန်စီး စေတဲ့အတွက် အဲဒါမျိုးဆံပင်လိမ်းဆီကို ရှောင်ကျဉ်သင့်ပါတယ်။

၂။ ပရိုတိန်းများများ စားသုံးပေးပါ။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတန်းများကို အထူးသဖြင့် မနက်စာနှင့် နေလည်စာမှာ စားသုံးပေးဖို့ လိုပါတယ်။

၃။ ဦးရေပြားကို နှိပ်နယ်ပေးပါ။

ဦးရေပြားကို နှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှုကို အားကောင်းစေသလို ဆံပင်သန်ဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ်အသုံးပြုထားတဲ့ ခေါင်းလျှော်ရည်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေရဲ့ အကျိုးသက်ရောက်မှုကိုလည်း ဖျက်စီးပေးသလိုမျိုး ဖြစ်ပါတယ်။

၄။ ဗီတာမင် ဒီ စာသုံးပါ။

မွေးညှင်းပေါက်တွေမှာ အားဖြစ်ရာမှာ ဗီတာမင်ဒီ အထူးအရေးပါပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်ကနေ ရနိုင်သလို ဒိန်ချဉ်၊ ဒိန်ခဲ ၊တို့ဟူး၊ ဥ နှင့် ဆဲလ်မွန်ငါးတို့ စားသုံးခြင်းကလည်း ရရှိနိုင်ပါတယ်။

၅။ သံဓာတ်ပါသော အစားအစာများစားသုံးပါ။

သံဓာတ်က ဆံပင်ကျွတ်တာကို ကုသပေးတဲ့ ရှေးထုံးဖြစ်ပါတယ်။ သံဓာတ်ကလည်း မွေးညှင်းပေါက်တွေကို အားကောင်းစေပါတယ်။ သံဓာတ်ရနိုင်တဲ့ အစားအစာတွေကတော့ ချောက်ကလက် အမဲ၊ အစေ့အဆံ၊ ပဲ နှင့်မှို တွေပဲဖြစ်ပါတယ်။

(MDN)

ကိုကား Health Digest