အမ်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေး

အမ်း  မေ ၂၀

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အမ်းခရိုင် အမ်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ဦးဆောင်မှုဖြင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရွှေအမ်းတောင်ခန်းမ၌ ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အမ်းမြို့နယ်အတွင်းမှ ရပ်ကွက် ကျေးရွာအုပ်စု (၁၇)စုမှ အိမ်ထောင်စု ၂၇၉ စု၊ လူဦးရေ ၁၁၉၅ ဦးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အခြေခံစားသောက်ကုန် ဆန်၊ ဆီး၊ ဆား၊ ငပိ စသော ထောက်ပံ့ရေးပစ္စည်း (၄)မျိုးတို့အား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်တို့က လေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ငပိ ရိက္ခာပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)