အမြင့်ဆုံး တရားရုံးရဲ့ ဆုံးဖြတ်ချက်အပြီး ဗြိတိန်ဝန်ကြီးချုပ် လွှတ်တော်ကို ပြန်လည်ရောက်ရှိ

၂၅ စက်တင်

ဗြိတိန်နိုင်ငံရဲ့ အမြင့်ဆုံးဗဟိုတရားရုံးက လွှတ်တော်ရပ်နားခြင်းဟာ တရားမဝင်ဘူးလို့ မနေ့က ဆုံးဖြတ်ချပြီးနောက် ဒီကနေ့ (ဗုဒ္ဓဟူးနေ့)  မနက် ၁၀ နာရီခွဲမှာ အောက်လွှတ်တော် ပြန်လည်စတင်ပြီဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်ဟာ ကုလသမဂ္ဂအစည်းအဝးတည်ရှိရာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကနေ လန်ဒန်ကို ဒီကနေ့ မနက် ၉နာရီခွဲမှာ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ 

ဒီကနေ့ပြန်လည်ကျင်းပမယ့် အောက်လွှတ်တော်မှာ မေးခွန်းပေါင်း ၄၀ ကို အရေးပေါ် မေးမြန်းဖို့ ရှိနေပေမယ့်  အောက်လွှတ်တော် ဥက္ကဋ္ဌက နှစ်ခုကို ရွေးချယ်တာ တွေ့ရပါတယ်။ 

အတိုက်ခံပါတီဝင်အမတ်တွေက ဝန်ကြီးချုပ်နှုတ်ထွက်ဖို့ တောင်းဆိုနေပေမယ့် ဝန်ကြီးချုပ်ဟာ နှုတ်ထွက်မှာ မဟုတ်ဘဲ ဘရစ်ဇစ်အစီစဉ်ကို သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ဒေါင်းနင်းလမ်းကပြောပါတယ်။ 

MDN
ကိုးကား - AFP