အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား အရေးယူ

နေပြည်တော် ၂၉  မတ်

မတ်လ ၂၇ ရက်နေ့ ည ၆ နာရီမှ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်း (၂၀၁)မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်(၁၁)စီး၊ ဖြူးမြို့နယ် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ်(၂၀)၊ လှည်းကူးမြို့နယ် အမှတ် (၃)လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ်(၂)စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် (၆)စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ်(၇)စီး၊ စုစုပေါင်း(၄၆)စီး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်များကို ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမည် ဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ သတ်မှတ်မိုင်နှုန်း ထက် ပိုမိုမောင်းနှင်သောယာဉ် (၃၄၀၃)စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MDN