အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်နှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သည့် ယာဉ်များအား အရေးယူမှု

နေပြည်တော် ၂၀ ဇူလိုင် 
    

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ ည ၆ နာရီ မှ ၁၉ ရက်နေ့ ညနေ ၅ နာရီထိ မိတ္ထီလာမြို့နယ် သီးကုန်း တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၅ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့မည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ဇန်နဝါရီလ  ၁ ရက်နေ့ မှ ဇူလိုင်လ ၁၉ ရက်ထိ သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် ၅၉၆၈ စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။
    

အလားတူ ဇူလိုင်လ  ၁၈ ရက်နေ့ ည ၆ နာရီမှ ၁၉ ရက်နေ့ ညနေ ၅ နာရီ ချိန်ထိ ရန်ကုန်-မန္တလေး အမြန်လမ်း တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ ခါးပတ်မပတ်ဘဲမောင်းနှင်သော မော်တော်ယာဉ် ၂ စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့သွားမည် ဖြစ်ကြောင်းနှင့် ၂၀၁၉ ဇန်နဝါရီလ ၁ ရက်နေ့ မှ ဇူလိုင်လ ၁၉ ရက်ထိ ခါးပတ်မပတ်ဘဲ မောင်းနှင်သော ယာဉ် ၁၃၁ စီး ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


MDN