အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူ

နေပြည်တော် ၃၁  ဇန်နဝါရီ

 

အမြန်လမ်းမကြီးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီမှ ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၅ နာရီထိ ယာဉ်စည်းကမ်းစစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ရန်ကုန်-မန္တလေးအမြန်လမ်း လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၃ စီး၊ ဘောနတ်ကြီးမီနီတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၁၀ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် စီးရေ ၂၀၊ စုစုပေါင်း ၃၄ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ရဲပြန်ကြား