အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲမောင်းနှင် သောယာဉ်များအား အရေးယူမှု

နေပြည်တော်  ၃ ဇူလိုင် 

 

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁ ရက်နေ့ ညနေ ၅ နာရီမှ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၅ နာရီအထိ ရန်ကုန်-မန္တလေးအမြန်လမ်း နေပြည်တော် တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၆ စီး၊ စကားအင်း တိုးဂိတ်၌ မော်တော်ယာဉ် ၈ စီး၊ စုစုပေါင်း ၁၄ စီး ဖမ်းဆီးရမိခဲ့ကြောင်း၊ 

 

အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်း၊ တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ ခါးပတ် မပတ်ဘဲမောင်းနှင်သော မော်တော်ယာဉ် ၃ စီးအားဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)