အမြန်လမ်းတွင် ခရီးသည်တင်မော်တော်ယာဉ်တစ်စီး တံတားအောက်ချောင်းရိုးအတွင်း ပြုတ်ကျ

နေပြည်တော် ၁၀ ဧပြီ

 


ယနေ့နံနက် ၄ နာရီ ၅၅ မိနစ်ခန့်က မန္တလေး-နေပြည်တော်လမ်း မိုင်တိုင်အမှတ် ၂၆၈/၁ အနီးတွင် ယာဉ်မောင်း သိန်းမြင့်အောင် (၃၇)နှစ်၊ ပခုက္ကူမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 2N/xxxx စိန်းနုရောင် (အလင်းတန်း ခရီးသည်တင်ယာဉ်) ပခုက္ကူမှ-ကျိုက်ထီးရိုး ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားတွင်ကာရံထားသော ဘာရီယာတုံးများအား ဝင်ရောက်တိုက်မိကာ တံတားအောက် ချောင်းရိုးအတွင်း ပြုတ်ကျခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား၊ အမျိုးသမီး ၂၂ ဦးအနက် ၁၂ ဦးခန့် ဒဏ်ရာ(စိစစ်စဲ) ရရှိသဖြင့် အမြန်လမ်းကြီးရဲတပ်ဖွဲ့ ပေပင်လေးစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 


MDN