အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တံတားဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

နေပြည်တော် ဇူလိုင် ၁၀

ယနေ့ နံနက် ၆ နာရီ မိနစ် ၂၀ ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂)မိုင်အနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တံတားဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်၍ လူညပ်နေကြောင်း သတင်းရရှိသဖြင့် ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်း၊ ဘောနီ အမြန်လမ်းမီးသတ်စခန်း၊ ဘုရားကြီးနယ်မြေ မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘုရားကြီး အရန်မီးသတ်စခန်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း (၁၁)ဦးအနက် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး အမျိုးသား တစ်ဦး(သေဆုံး) တို့အား အမြန်လမ်းမကြီး အရေးပေါ်လူနာတင်ယာဉ်နှင့် ဘုရားကြီး အရန်လူနာတင်ယာဉ်တို့ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့