အမရပူရမြို့နယ်တွင် ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၃

အမရပူရမြို့နယ်တွင် ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၁၁ ရက် နံနက် ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ စွယ်တော်ကားဝင်းတွင် သန်းထိုက် (ခ) သံနိုင် (၂၆) နှစ် မောင်းနှင်သည့် ၂၂ ဘီးတွဲကားကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်ထားသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖြစ်ကြသည့် အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၁၈ တန်နှင့် ကတ်တမင်း ၁၁၁ ကီလိုတို့ သိမ်းဆည်း ရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်