အမှုမှ တရားခံအား စစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှု ထပ်မံပေါ်ပေါက်

နေပြည်တော်  ၈  ဩဂုတ် 


နေပြည်တော်၊ ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၇ ရက် ညနေ ၃ နာရီခွဲက ဘုရားကုန်း မြို့မရဲစခန်း(ပ)၄၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အမှုမှ တရားခံဖြစ်သူ ဥတ္တရသီရိမြို့နယ်၊ ကြီးပွားရပ်ကွက်နေ ဖြိုးသီဟ(ခ)ကိုဖြိုး (၂၂ နှစ်)အား စစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှု ထပ်မံ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဖြိုးသီဟ(ခ)ကိုဖြိုးသည် ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းက  ဥတ္တရသီရိမြို့နယ်၊ တောင်ညို ကျေးရွာ၊ ထန်းတောအတွင်းမှ ခိုးယူလာခဲ့သော ဆိုင်ကယ်(၁)စီးအား ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေး၊ ကုန်ဈေးတန်းအနီး ဇီးပင်ဂိတ်တွင် သုံးဘီးယာဉ်မောင်း (၂)ဦးတို့ထံ ငွေကျပ် ၄၅၀၀၀ ဖြင့် ရောင်းချ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖြိုးသီဟ(ခ)ကိုဖြိုးအား တောင်ညိုနယ်မြေရဲစခန်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ရဲပြန်ကြား