အနာဂတ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဆတက်ထမ်းပိုး တိုးမြင့်သွားနိုင်လိမ့်မယ်လို့ ခိုင်ခိုင်မာမာယုံကြည်ပါတယ်

တွေ့ဆုံမေးမြန်း
ဟိန်းဇင်နိုင်ဖြိုး


နေပြည်တော်   ဖေဖော်ဝါရီ   ၁၆


မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည်မှာ ယခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် နှစ်ပေါင်း ၇၅ နှစ်(စိန်ရတုကာလ)သို့ပင် ရောက်ရှိ တော့မည်ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်သွယ် ထူထောင်မှုအထိမ်းအမှတ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း
ပြန်ကြားရေးဝန်ကြီးဌာန
မြန်မာ-ရုရှား  ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး   ဖိုရမ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုတိုးမြှင့်ရေးကို ဦးတည်တဲ့    ဖိုရမ်တစ်ခုဖြစ်တယ်။ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေး တိုးမြှင့် တယ်ဆိုတဲ့အခါမှာ ကဏ္ဍပေါင်းစုံ ပါဝင် တယ်။  အဲဒီထဲမှာ  တပ်မတော်ဘက်က အခန်းကဏ္ဍရှိတယ်။  အရပ်သားတွေ ဘက်က       အခန်းကဏ္ဍရှိတယ်။ တပ်မတော်ဘက်က  အခန်းကဏ္ဍက တော်တော်လေးကို   ထဲထဲဝင်ဝင် ကြီးကျယ်ခိုင်မာမှုနဲ့      ပူးပေါင်း ဆောင်ရွက်မှုက အရှိန်ရနေပြီ။ အရပ် ဘက်ဆက်ဆံရေးမှာတော့ စီးပွားရေး လုပ်ငန်းရှင်တွေ၊     ကျောင်းသား ကျောင်းသူတွေကလည်း ရုရှားနိုင်ငံနဲ့ စီးပွားရေးဆို    ဘယ်လိုသွားမလဲ၊ ကျောင်းသားတွေဆိုရင်လည်း  ပညာ တော်သင်တွေကို   ဘယ်လိုစီမံမလဲ။ သာမန်ပြည်သူတွေနဲ့ဆိုင်တဲ့ ဟိုတယ် ခရီးလုပ်ငန်းတွေအတွက် ရုရှားနိုင်ငံနဲ့ ဆက်စပ်ပြီးတော့   ဘယ်လိုသွားမလဲ ဆိုတာတွေကို နိုင်ငံတော်ဝန်ကြီးချုပ် အမြဲတမ်းပြောတဲ့   “ရှေ့သို့လှမ်းချီ
ပန်းတိုင်ဆီ”ဆိုတာလိုမျိုး အနာဂတ်မှာ ရုရှားနိုင်ငံနဲ့   ပူးပေါင်းဆောင်ရွက်တဲ့ အခွင့်အရေးကို အမိအရယူတဲ့အခါမှာ ပြည်သူလူထုကလည်း  ပါဖို့လိုတယ်။ ဒါကြောင့်မို့  ပြည်သူလူထုကိုပါဝင်စေ ချင်တယ်။  နိုင်ငံတော်က  သွားနေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြည်သူကို ချပြ ပြီးတော့  လာမယ့်အနာဂတ်မှာ ရုရှား နိုင်ငံနဲ့   သက်ဆိုင်ရာကဏ္ဍတွေမှာ
ဘယ်လိုမျိုးပူးပေါင်းရင်အောင်မြင်မလဲဆိုတဲ့ အဖြေမဟုတ်သော်ငြားလည်း သွားရမယ့်လမ်းစကို   ဒီနေ့ဖိုရမ်မှာ ဆွေးနွေးကြပါတယ်။   ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံ မှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် လုံခြုံစိတ်ချပြီး အနာဂတ်မှာ တိုးတက် မှုတွေ  အနှေးနဲ့အမြန်  တစ်ဆင့်ပြီး တစ်ဆင့်   ရောက်လာမယ်လို့  ခံစား မိတယ်။  ဒါကြောင့် ဒီဖိုရမ်ကို အစအဆုံး တက်ပြီးလို့ရှိရင် အနာဂတ်မှာသွားမယ့် မြန်မာ-ရုရှားချစ်ကြည်ရေးကို ပြည်သူ တွေပါအောင်   ဘယ်လိုများစတင် လုပ်ကြမလဲဆိုတဲ့ဟာကို ဆွေးနွေးတဲ့ ပညာရှင်တွေရယ်၊ ပြည်ထောင်စုဝန်ကြီး တွေရယ်၊ ကျောင်းသား ကျောင်းသူ တွေရယ်အားလုံးက   အလွှာပေါင်းစုံက ဆွေးနွေးပြီးတော့ သွားမယ်ဆိုရင်တော့ လာမယ့်အနာဂတ်မှာ  ကျွန်တော်တို့ မျှော်မှန်းတဲ့  တည်ငြိမ်မှု၊  လုံခြုံမှု၊ တိုးတက်မှုတွေ   ရမယ်လို့ထင်တယ်။ ဒါကြောင့်မို့ ဒီဖိုရမ်ဟာ  အရေးကြီးတဲ့ ဖိုရမ်တစ်ခုဖြစ်တယ်လို့    ပြောကြား လိုပါတယ်။
ဒေါက်တာနီကိုလိုင်း    လစ်တိုပါဒေါ့ဗ် (ဒေါက်တာ လူဒင်)
ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ဆိုင်ရာ     ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး
ရုရှား-မြန်မာနှစ်နိုင်ငံ   သံတမန် ဆက်ဆံရေး    ထူထောင်တာဆိုရင် ဖေဖော်ဝါရီ  ၁၈   ရက်နေ့မှာ  (၇၅) နှစ်မြောက်    စိန်ရတုနှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။   စိန်ရတုအထိမ်းအမှတ် အခမ်းအနားတွေကိုလည်း ကျင်းပလျက်ရှိ ပါတယ်။  ဒီနေ့ဆိုရင်  ချစ်ကြည်ရေးနဲ့ ပူးပေါင်း    ဆောင်ရွက်ရေးဖိုရမ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးကျင်းပ ပေးတဲ့အတွက်လည်း ကျွန်တော့်အနေနဲ့ ဝမ်းသာပီတိဖြစ်မိပါတယ်။  ဒီနေ့ဖိုရမ်မှာ သမိုင်းဝင်    နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ ဓာတ်ပုံ တော်တော်များများ ပြသထားတာတွေ့ ရပါတယ်။   ဒီဓာတ်ပုံတွေမှာ  နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ခေတ်အဆက်ဆက်က နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခဲ့တဲ့ ပုံရိပ် တွေပါဝင်နေတာကို တွေ့မြင်ရပါတယ်။  ရုရှား - မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး၊    လူမှုရေး၊ ယဉ်ကျေးမှု၊ အားကစားနဲ့  ကာကွယ်ရေး နယ်ပယ် အသီးသီးမှာလည်း ပူးပေါင်းဆောင်ရွက် မှုတွေ တိုးတက်လျက်ရှိပါတယ်။ ယနေ့ ခေတ်မှာ အဆင့်မြင့်တဲ့ နှစ်နိုင်ငံဆက်ဆံ ရေးတွေရှိပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဗလာဒီဗော့စတော့မှာလည်း   တွေ့ခဲ့ပါ
တယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ပူတင်နဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန် နေပါတယ်။ 
အထူးသဖြင့် ပညာရေးနယ်ပယ်မှာ ကျွန်တော်တို့အနေနဲ့    ပိုမိုပူးပေါင်း ဆောင်ရွက်နေပါတယ်။  မြန်မာနိုင်ငံက ကျောင်းသား ၇၀၀၀ ကျော်  ရုရှား ထိပ်တန်း စက်မှုနည်းပညာတက္ကသိုလ် တွေကနေ  ဘွဲ့တွေရခဲ့ပါတယ်။  တချို့  ဒေါက်တာဘွဲ့တွေ၊ ပါမောက္ခဘွဲ့တွေ ရရှိ ခဲ့ပါတယ်။  ဒါကြောင့်  ရုရှားအတွက် လည်း   ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်။ ကျွန်တော်တို့     နှစ်နိုင်ငံသမိုင်းကို ကြည့်မယ်ဆိုရင်  နှစ်နိုင်ငံဆက်ဆံရေး ဟာ  အမြဲကောင်းမွန်လျက်ရှိပါတယ်။ ချစ်ကြည်ရင်းနှီးပါတယ်။   ဒါတွေကို အခြေခံပြီး အနာဂတ်မှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု ဆတက်ထမ်းပိုး တိုးမြင့် သွားနိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး  အလားအလာတွေလည်း အလွန်ကောင်းမွန်ပါတယ်။ 
ဦးရဲမင်းအောင်
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ
မြန်မာနဲ့ရုရှားက  သံတမန်ဆက်ဆံ ရေး ထူထောင်ထားတာ နှစ်ပေါင်း (၇၅) နှစ် ပြည့်သွားပါပြီ။ နှစ်ပေါင်း (၇၅) နှစ်တာ ကာလကို ပြန်ကြည့်ရင် နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး၊    ယဉ်ကျေးမှုအပါအဝင် နှစ်နိုင်ငံ    တပ်မတော်အကြားမှာရော ပူးပေါင်း ဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။ ကုန်သွယ်မှုနဲ့  ရင်းနှီးမြှုပ်နှံမှု အပိုင်း မှာတော့  ပထဝီအနေအထားကြောင့် ကျန်တဲ့ ကဏ္ဍတွေလောက် အားမကောင်း ခဲ့ဘူး။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာတော့ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစပြီး ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်တဲ့အနေအထားတွေ ပိုပြီးပေါ်လွင် လာပါတယ်။
မြန်မာနိုင်ငံက စိုက်ပျိုးရေးနဲ့ မွေးမြူ ရေး  နိုင်ငံဖြစ်တဲ့အတွက်  လယ်ယာ ထွက်ကုန်တွေ ရုရှားနိုင်ငံကို ရောင်းလို့ ရပါတယ်။  အဲဒီလိုပဲ  ရုရှားနိုင်ငံကနေ နည်းပညာတွေ၊ စက်ပစ္စည်းကိရိယာတွေ၊ တန်ဖိုးမြှင့်ထုတ်လုပ်တဲ့လုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်ခွင့်ရပါတယ်။ အထူး သဖြင့် လယ်ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတွေမှာ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အားကောင်း လာအောင်  ကြိုးစားဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်။ 
ဒီလိုဖိုရမ်ပြုလုပ်ခြင်းအားဖြင့် မြန်မာ နိုင်ငံဘက်က စီးပွားရေးလုပ်ငန်းလုပ်ကိုင် နေသူတွေဟာ ရုရှားဈေးကွက်နဲ့ အလား အလာအခွင့်အလမ်းတွေ  ပိုပြီးသိရှိလာနိုင် မယ်။ ရုရှားနိုင်ငံက လုပ်ငန်းရှင်တွေက လည်း   အခုနောက်ပိုင်း   မေးမြန်း ဆက်သွယ်လာတာ   တွေ့ရပါတယ်။ မေးမြန်းဆက်သွယ်မှုတွေကနေတစ်ဆင့် တစ်ဖက်နဲ့တစ်ဖက်   ရင်းရင်းနှီးနှီးနဲ့ အမြင်ချင်းဖလှယ်နိုင်မယ်။   သတင်း အချက်အလက်နဲ့   ဈေးကွက်အခြေ အနေတွေကို   ဖလှယ်နိုင်မယ်။   ဒီလို
လုပ်ငန်းစဉ်တွေ   ပိုပြီးအားကောင်းလာ မယ်လို့ ယူဆပါတယ်။   အထူးသဖြင့် မြန်မာနိုင်ငံက MSME စီးပွားရေးလုပ်ငန်း ရှင်တွေရဲ့ ထွက်ကုန်တွေ ရုရှားဈေးကွက် ကို ပိုမိုရောက်ရှိပြီး ရုရှားနိုင်ငံက တန်ဖိုး မြှင့်ထုတ်လုပ်တဲ့     ထုတ်ကုန်တွေ၊ နည်းပညာတွေကို     ပိုမိုရောက်ရှိဖို့ ပေါင်းကူးတံတားသဖွယ် ဒီဖိုရမ်ကနေ ဆောင်ရွက် ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီဖိုရမ်က နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်မှုနဲ့ ဆက်စပ်တယ် ဆိုပေမယ့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုကဏ္ဍ တွေမှာလည်း အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်မယ်လို့ ယူဆပါတယ်။
ဒေါက်တာနိုင်ဆွေဦး
ဝါရင့်အကြံပေး၊ မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့
ဒီနေ့ကျင်းပတဲ့   ဖိုရမ်ကတော့ မြန်မာ- ရုရှား (၇၅)နှစ်မြောက် သံတမန်ဆက်သွယ် ထူထောင်မှု အထိမ်းအမှတ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ဖြစ်ပါတယ်။ ဒီဖိုရမ်မှာ မနက်ပိုင်း အစီအစဉ်ဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဖိုရမ် အပိုင်း(၁)မှာ ပါဝင်ဆွေးနွေး တာဖြစ်ပါတယ်။ ကျွန်တော်ဆွေးနွေးတဲ့ အကြောင်းအရင်းကတော့   နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စတွေကို ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် စုကျော်   သုံးစုနီးပါးနှစ်နိုင်ငံစစ်ဘက် ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာတယ်။    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့လက်ထက်မှာ ပိုပြီးတော့ တိုးတက်လာတယ်ဆိုတဲ့   အကြောင်း ဆွေးနွေးခဲ့တာ ရှိပါတယ်။ ရုရှားနိုင်ငံကို ကျွန်တော်ကိုယ်တိုင်  ပညာတော်သင် သွားရောက်ခဲ့တဲ့ အခြေအနေတွေ ရုရှား တက္ကသိုလ်တွေကနေ မြန်မာ့တပ်မတော် အရာရှိတွေ၊     သိပ္ပံနှင့်နည်းပညာနဲ့ ပညာရေးဝန်ကြီးဌာနက ဆရာတွေအပါ အဝင် ဘွဲ့ရရှိခဲ့သူပေါင်း  ၇၀၀၀ ကျော် ရှိခဲ့ပြီဆိုတဲ့ အကြောင်းအရာတွေလည်း ပါပါတယ်။ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးကော်မရှင်နဲ့ ပတ်သက် ပြီး   ထည့်သွင်းဆွေးနွေးခဲ့တဲ့  အပိုင်း လည်းရှိပါတယ်။ 
ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်အပြီး     သိပ်မကြာခင်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ရုရှားနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး စတင်တည်ထောင် တာဖြစ်ပါတယ်။  ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့တဲ့ (၇၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး အထူးသဖြင့် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ   စစ်ဘက်ပူးပေါင်း ဆောင်ရွက်မှုမှာ ပိုမိုပြီး တိုးတက်လာ တာတွေ့ရပါတယ်။ လက်ရှိ အခြေအနေ မှာကတော့  ဒီကဏ္ဍတွေတင်မကဘဲ နျူကလီးယားဆိုင်ရာကိစ္စတွေ၊ လျှပ်စစ် ဆိုင်ရာကိစ္စတွေ၊  တခြားကဏ္ဍစုံတွေ မှာလည်း ဖွံ့ဖြိုးတိုးတက်လာတာ တွေ့ရ မှာ ဖြစ်ပါတယ်။  ဒီဖိုရမ်ကျင်းပခြင်း ဟာ  နှစ်နိုင်ငံဆက်ဆံရေး  ပိုမိုဖွံ့ဖြိုး တိုးတက်စေမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်ရမယ့် အခွင့်အလမ်းတွေ မြင်လာမှာ ဖြစ်တယ် လို့ ကျွန်တော် ဒီလိုပဲယူဆပါတယ်။ 
ဒီလိုမျိုးပွဲတွေ   ကျင်းပတာဟာ ကျွန်တော်တို့  နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရုံသာမကဘဲ   ပြည်သူတွေ အချင်းချင်းမှာလည်း  နှစ်နိုင်ငံအပြန်အလှန်သဘောထားတွေ၊  ဆက်ဆံမှု တွေ၊ အထူးသဖြင့် ကုလသမဂ္ဂ စင်မြင့် ပေါ်မှာ ကျွန်တော်တို့နိုင်ငံကို ရုရှား နိုင်ငံအနေနဲ့ ကူညီဆောင်ရွက်ပေးခဲ့ တာတွေ ပိုပြီးတော့ နားလည် သဘော ပေါက်လာမယ်။ ဒါ့ပြင် နှစ်နိုင်ငံအပြန်အလှန်အခွင့်အလမ်းတွေဖြစ်တဲ့ စီးပွား ရေး၊ ပညာရေး အပါအဝင် အခြားသော အခွင့်အလမ်းတွေ ဘာတွေရှိလာမလဲ ဆိုတာ တွေ့လာမှာဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးဟာ   ရေမြေ မိုင်ပေါင်း ၄၀၀၀ ကျော်ကွာဝေးတယ် ဆိုပေမယ့် မဟာဗျူဟာ မိတ်ဖက်အနေနဲ့ ဆက်ပြီး ဆက်ဆံရေးတိုးတက် ခိုင်မာလိမ့်မယ် လို့  ကျွန်တော့်အနေနဲ့  သုံးသပ်မိပါတယ်။