အန်းဒရွိုက်ဗားရှင်းသစ် Oreo အတွက် အဆင်သင့်လုပ်ထားတဲ့ XiaomiMi A1

သူရဖြိုး


XiaomiMi A1  ဟာ မျက်နှာပြင် အရွယ်အစား ၅ ဒသမ ၅ လက်မရှိလို့ အရွယ်အစားကြီးမားတဲ့ ဖုန်းဖြစ်ပြီး Screen Resolution  က 1080 x 1920 pixels ရှိလို့ ရုပ်ထွက်အရည်အသွေး ကောင်းမွန်ပါတယ်။ IPS LCD capacitive touchscreen ကို ထိခိုက်ကာကွယ်နိုင်အောင် Corning Gorilla Glass ၃ နဲ့ အုပ်ထားပါတယ်။ ဖုန်းရဲ့ကျောဘက် ကိုယ်ထည်ကလည်း အလူမီနီယံ ကိုယ်ထည်ဖြစ်လို့ ခိုင်ခံ့သလို သယ်ဆောင်ရာမှာလည်း ပေါ့ပါးစေမှာ ဖြစ်ပါတယ်။ အန်းဒရိုက်ဗားရှင်းအနေနဲ့ နောက်ဆုံးဗားရှင်းဖြစ်တဲ့ Nougat ထဲက နောက်ဆုံးထွက် 7.1.2 အသုံးပြုထားတာက Xiaomi ပရိသတ်တွေ အကြိုက်တွေ့စရာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ အန်းဒရွိုက်ဗားရှင်းသစ် 8.0(Oreo) အသစ်ထွက်လာတဲ့ အခါမှာလည်း Upadate လုပ်ဖို့အဆင်သင့်ပြုလုပ်ထားပေးတယ်လို့ကြော်ငြာထားတာကြောင့် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။


CPU အနေနဲ့ Octacore 2.0 GHz ကို အသုံးပြုထားပြီး RAM က 4 GB ရှိပါတယ်။ အင်တာနယ်မင်မိုရီက 64GB အထိပါဝင်ပြီး RAM က 4GBရှိပါတယ်။ မင်မိုရီကတ် ထပ်စိုက်သုံးမယ်ဆိုရင် 128GB အထိ ထောက်ပံ့ပေးထားလို့ မင်မိုရီပိုင်းမှာလည်း စိတ်ကျေနပ်စရာ ဖြစ်ပါတယ်။ ဒါပေမယ့် မင်မိုရီကတ်ကို ဒုတိယဆင်းကတ်ပေါက်နေရာမှာ ထည့်သုံးရမှာ ဖြစ်တာကြောင့် မင်မိုရီကတ် စိုက်ပြီးသုံးမယ်ဆိုရင် ဆင်းကတ် တစ်ကတ်တည်းသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မင်မိုရီကတ် မစိုက်ရင်တော့ GSM ဆင်းကတ် ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး အင်တာနက်အတွက် 4G (LTE) ထောက်ပံ့ပေးထားပါတယ်။


ကင်မရာပိုင်းမှာတော့ နောက်ကင်မရာကို ၁၂ မဂ္ဂါ Dual Camera ကို အသုံးပြုပေးထားပြီး ရုပ်ထွက်အရည်အသွေး ကောင်းမွန်စေမယ့် ဆော့ဖ်ဝဲပိုင်း လုပ်ဆောင်ချက်တွေပါ ပေါင်းထည့်ပေးထားပါတယ်။ Dual ကင်မရာကြောင့် အလင်းရောင် ကောင်းကောင်းမရတဲ့နေရာ၊ မှောင်နေတဲ့ နေရာမျိုးတွေမှာတောင် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့်အပြင် Phase detection auto focus ,2x Optical zoom,geo – geo-tagging စတဲ့ ဆော့ဖ်ဝဲလ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကြောင့် အရည်အသွေးမြင့် ဓာတ်ပုံနဲ့ 2160 pixels အထိရှိတဲ့  HD ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှေ့ဘက် ဆယ်လ်ဖီကင်မရာကိုတော့ သာမန်ပဲလုပ်ထားပြီး ၅ မဂ္ဂါပစ်ဇယ်ပဲ ရှိပါတယ်။


အခြားထူးခြားတဲ့ လုပ်ဆောင်ချက် တစ်ခုအနေနဲ့ ဖုန်းပြောစဉ် ဆူညံသံတွေကို ဖယ်ရှားပေးနိုင်မယ့် မိုက်ခရိုဖုန်းကို အသုံးပြုထားတယ်လို့ ကြော်ငြာထားတာတွေ့ ရပါတယ်။ Finger print ကတော့ ဖုန်းရဲ့ နောက်ဘက်မှာ ပါဝင်ပါတယ်။ ဘက်ထရီပိုင်းအနေနဲ့ 3080 mAh Li-Lon ဘက်ထရီကို အသုံးပြုထားလို့ တစ်ကြိမ် အားသွင်းရုံနဲ့ အားပြည့်စေမယ် Fast Charging စနစ်လည်းဖြစ်ပါတယ်။ ကိုယ်ထည် အရောင်အနေနဲ့ အနက်ရောင်၊ ရွှေရောင်နဲ့ Rose Gold အရောင်သုံးမျိုးရနိုင်တယ်။