အင်အား ၄ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ရှား

နေပြည်တော် ၅ သြဂုတ် 


၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၁၃)မိနစ်၊ (ဝ၁)စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၄၈)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုးကောင်းမြို့၏ အနောက်မြောက်ဘက် (၁၆)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၂)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။


MDN