အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၂ အဆင့်ရှိ ငလျင် ဟုမ္မလင်းမြို့အနီး လှုပ်ရှား

နေပြည်တော် ၅ ဇူလိုင်


၂၀၁၉ ခုနှစ်၊  ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၅)နာရီ၊ (၁၁)မိနစ်၊ (၅၃) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၇၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၈)မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၄.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၄) ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။


MDN