နေပြည်တော် နိုဝင်ဘာ ၈

 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၃၃)မိနစ် တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရေတာရှည်မြို့၏ တောင်ဘက် (၈) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၁၉ ဒသမ ၀၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၃၄)ဒီဂရီတွင် ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။ အဆိုပါ ငလျင်သည် အနက် (၃၃) ကီလိုမီတာကို ဗဟိုပြု၍  အင်အားရစ်(ခ်) တာစကေး (၃.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှထုတ်ပြန်ချက်အရသိရသည်။

 

Credit> မိုးဇလ