အင်အားမွေးပါ

၃  အောက်တိုဘာ

ဒီရောဂါနဲ့ပတ်သက်ပြီးတော့ အသေအပျောက်ရှိခဲ့တာဟာ ဘာနဲ့ဆက်စပ်နေလဲဆိုတော့ အခြေခံကျန်းမာရေးနဲ့ ဆက်စပ် နေပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ အခြေခံကျန်းမာရေး အားမကောင်းတဲ့ ပုဂ္ဂိုလ်တွေ၊ အခြေခံရောဂါတွေ၊ အခြားရောဂါတွေ့ရှိတာ၊ အထူးသဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ ကျွန်မတို့ရဲ့ ပြည်သူတွေမှာ ရှိတတ်ပါတယ်။ အဲဒါတွေရှိတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ပိုပြီးတော့ သတိထားရပါတယ်။ ပိုပြီးတော့ ကိုယ်ခံအားမကောင်းလို့ စိုးရိမ်စရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုရောဂါတွေရှိလို့လည်း စောစောက ကျွန်မ ပြောသလို စိတ်ဓာတ်မကျပါနဲ့။ စိတ်ဓာတ်က အများကြီးဆောင်ပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ ကိုယ်နဲ့ တစ်တိုင်းပြည်လုံးက ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့အင်အားမွေးပါ။ တစ်တိုင်းပြည်လုံးအတွက် ကိုယ်ကလည်း ရုန်းကန်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီရောဂါကို ကျော်လွှားနိုင်အောင်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဉက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)