အင်းစိန်ခရိုင်တရားရုံး အဆောက်အဦ ပန္နက်တော်တင် တွင်းတော်ဝန်း အခမ်းအနားကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ အမှတ် (၄) လမ်းမကြီး ပေါ်ရှိ အင်းစိန်ခရိုင်တရားရုံး အဆောက်အဦသစ် ပန္နက်တော်တင် တွင်း တော်ဝန်း မင်္ဂလာအခမ်းအနားကို  ယနေ့နံနက် (၈)နာရီက အဆိုပါ အဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။

အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီတရား လွှတ်တော် တရားသူကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်ကျော် တို့က သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကာ ပန္နက်တော်တင် တွင်းတော်ဝန်းပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး က ပန္နက်တော်တင် တွင်းတော် ဝန်း အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးရွာသွန်းပေးပြီး အဆောက်အဦ ဆောက်လုပ်မည့် ပရဝုဏ်အတွင်း လှည့်လည်ကြည့်ရှုသည်။ 

အဆိုပါအဆောက်အဦကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၇ (၅)နှစ်တာ တရားစီရင်ရေးမဟာ ဗျူဟာ စီမံကိန်း၊ ပထမနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၃)၏ မဟာဗျူဟာလုပ်ငန်း နယ်ပယ် (၁)၊ မဟာဗျူဟာ ရည်မှန်းချက် ၁ဒသမ၄၊ မဟာဗျူဟာအစီအစဉ် ၁.၄.၁ နှင့်အညီ စီမံကိန်းချမှတ်၍ ဦးစားပေး အဆင့်(၁)အနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

ယင်း အဆောက်အဦမှာ အလျားပေ (၂၀၀)၊ အနံပေ (၁၄၀) ရှိသံကူကွန်ကရစ် (၅)ထပ် အဆောက်အဦဖြစ်ပြီး M Interior Design ကုမ္ပဏီက တာဝန်ယူတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်