ရန်ကုန် ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ကြီးမှူးကျင်းပသည့် ၂ဝ၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အင်းစိန်မြို့နယ် ပညာရေးမှူးဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်သူကုန်းရပ်ကွက် မင်းကွန်းကျောင်းလမ်းရှိ ရွှေအင်းစိန်မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပသည်။
ဆက်လက်ယှဉ်ပြိုင်
ဦးစွာ ပြိုင်ပွဲဝင် ဘောလုံးအသင်း ၁၃ သင်းမှ ဘောလုံးအားကစားသမားများက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က အမှာစကားပြောကြားပြီး ဘောလုံးပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကြသည်။
ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ဘောလုံးအသင်းများကို (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဦး


