အင်းစိန်မြို့နယ်၌ အုတ်တံတိုင်းနံရံ ပိမိ၍ ကျောင်းသားတစ်ဦး သေဆုံးမှုဖြစ်ပွား

နေပြည်တော် ၂၁ ဖေဖော်ဝါရီ 

 


အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၀ ရက်က (၆)တန်းကျောင်းသားတစ်ဦး ဘောလုံးကောက်ရန် အုတ်တံတိုင်းအား ကျော်တက်စဉ် အုတ်တံတိုင်းနံရံ ပြိုကျပိမိ၍ ရရှိသောဒဏ်များဖြင့် သေဆုံးသွားကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၄ နာရီခွဲခန့်က အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဘောလုံးကွင်း၌ မောင်ဇွန်ဦးမောင် (၁၂)နှစ် (၆)တန်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူပါ (၂)ဦး ဘောလုံးကန်နေစဉ် ဘောလုံးမှာ ဘောလုံးကွင်း အရှေ့ဘက်ရှိ ဘဝရောင်ခြည် စာကြည့်တိုက်အတွင်း ကျသွားသဖြင့် ဘောလုံးကောက်ရန် စာကြည့်တိုက် အုတ်တံတိုင်းအား ကျော်တက်ရာ အမြင့် ၇ ပေခန့်၊ အလျား ၅ ပေခန့် အုတ်တံတိုင်းနံရံ ပြိုကျပိမိခဲ့သဖြင့် မောင်ဇွန်ဦးမောင်တွင် နောက်စေ့/နားထင်ပေါက်ပြဲ သွေးထွက်ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့၍ အင်းစိန် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားသောကြောင့် အင်းစိန်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၉) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN