အင်းစိန်မြို့နယ်တွင် ခိုးမှုပြစ်ချက်ဟောင်းရှိသူတစ်ဦးကို စစ်ဆေးရာမှ အခြားဆိုင်ကယ်ခိုးမှုများ ထပ်မံဖော်ထုတ်နိုင်ခဲ့

ရန်ကုန်  ၂၃   ဇွန်

           

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်နှင့်အညီ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၆  ရက်နေ့ က အင်းစိန်မြို့မရဲစခန်း၌ ဆိုင်ကယ်ခိုးမှုဖြင့် ဖမ်းဆီးရမိထားသူ စိုင်းသူရ(ခ)မဲကြီး အား အခြားခိုးမှုများဖြင့် အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လနှင့် ဧပြီလ တို့တွင် အင်းစိန်မြို့နယ်အတွင်း လှည့်လည်သွားလာ၍ လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ်အမျိုးမျိုး(၇)စီးကို ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ကြောင်း သိရသည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ အသက်သေခံပစ္စည်း ဆိုင်ကယ်အမျိုးမျိုး(၇)စီးအား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ စိုင်းသူရ(ခ)မဲကြီး ကို ဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

MDN