အင်ဒိုနီးရှား စတော့အိတ်ချိန်း ဒုတိယထပ် ပြိုကျ၊ လူအများ ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွား

ဂျကာတာ ၁၅ ဇန်နဝါရီ

အင်ဒိုနီးရှား နိုင်ငံရဲ့ စတော့အိတ်ချိန်း အဆောက်အအုံ ဒုတိယထပ် ပြိုကျမှု တနင်္လာနေ့က ဖြစ်ပွားခဲ့ပြီး လူအများ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အိတ်ချိန်းဝန်ထမ်းတွေရဲ့ အပြောအရ ကနဦး သိရှိရပါတယ်။

အဆောက်အအုံ ဒုတိယထပ် ပြိုကျသွားကြောင်း အိတ်ချိန်းဥက္ကဋ္ဌ ညွှန်ကြားရေးမှူး တီတို ဆူလီစတီယိုရဲ့ ကိုယ်ရေးအရာရှိဖြစ်သူ ဗင်ဒီက ပြောကြားခဲ့တာပါ။ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေကိုလည်း အဆောက်အအုံ အပြင်ဘက်ကို သယ်ဆောင်ပေးနေကြတယ်လို့ ရိုက်တာရဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

(MDN)

ကိုးကား-ရိုက်တာ