အင်ဒိုနီးရှား ရဲဌာနချုပ်တစ်ခု တိုက်ခိုက်ခံရတဲ့အတွက် ရဲအရာရှိတစ်ဦး သေဆုံး

၁၆ မေ 

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း၊ ပီကန်ဘာရူးနယ်မြေရှိ ရဲဌာနချုပ်ကို အသေခံဗုံးခွဲသမားတွေ ဝင်ရောက် တိုက်ခိုက်တဲ့အတွက် ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပါတယ်။

ရဲဌာနကို ဝင်ရောက်တိုက်ခိုက်တဲ့  စစ်သွေးကြွ ၄ ဦးကို အသေပစ်သတ်ခဲ့ပြီး၊ တစ်ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရပါတယ်။ 

ဒီကနေ့ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုက ဆူရာဘာရာ ဒေသရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်းနဲ့ ရဲစခန်းတစ်ခုကို  အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ IS အုပ်စုဝင် မိသားစု ၂ စုနဲ့ ဆက်စပ်မှုရှိသလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

အကြမ်းဖက်မှုတွေ လုပ်ဆောင်မယ်လို့ သံသယရှိသူတွေကို အရေးယူနိုင်ရေးအတွက် ရဲတွေကို ပိုပြီး အာဏာပေးထားတဲ့ လုံခြုံရေးဥပဒေကို အတည်ပြုပေးဖို့အတွက် ဥပဒေပြုအမတ်တွေပေါ်မှာ ဒီတစ်ပတ် အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေက တွန်းအားပေးနေပါတယ်။ 

ကြာသပတေးနေ့မှာစတင်မယ့် ရာမဒမ် အချိန်အခါနဲ့တိုက်ဆိုင်ပြီး ကမ္ဘာမှာ မူစလင်လူဦးရေ အများဆုံး နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အခုလို အကြမ်းဖက်မှုတွေဖြစ်နေတာက အင်ဒိုနီးရှားနိုင်ငံကို အကျပ်အတည်း တွေ့စေတယ်လို့ CNA သတင်းမှာ ရေးသားထားပါတယ်။ 

MDN