အင်ဒိုနီးရှားအစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကလေးများအား  မြို့တော်ဂျကာတာရှိ ဈေးဝယ် စင်တာများသို့ ဝင်ရောက်ခွင့်ပြု

ဖေဖော်ဝါရီ ၁၆

 

အင်ဒိုနီးရှားနိုင်ငံအစိုးရက အသက်ခြောက်နှစ်မှ ၁၂ နှစ်အရွယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူကလေးများကို မြို့တော်ဂျကာတာရှိ ဈေးဝယ်စင်တာများနှင့် အပန်းဖြေနားနေရန်နေရာများသို့ အင်္ဂါနေ့ကစတင်ကာ ဝင်ရောက်ခွင့်ပြုခဲ့သည်။

 

အဆိုပါကလေးများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း လက်မှတ်ပြသရန်လိုအပ်ပြီး ၎င်းတို့နှင့်အတူ မိဘများပါ လိုက်ပါရမည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၄ ဒသမ ၉ သန်းကျော်ရှိပြီး ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၁၄၅၀၀၀ ကျော်ရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ လျော့ကျလာသည်ဟုလည်း ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

 

အာရှနိုင်ငံများကဲ့သို့ပင် အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

 

ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ ၁၈၈ သန်းကျော်ရှိပြီး ၁၃၆ သန်းကျော်သည် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို