အင်ဒိုနီးရှားအနောက်ပိုင်းရှိ အရှေ့ဂျာဗားမှာ မြေပြိုမှုကြောင့် လူနှစ်ဦးသေဆုံး

ဂျကာတာ ၅ ဖေဖော်ဝါရီ

အင်ဒိုနီးရှားအနောက်ပိုင်း အရှေ့ဂျာဗားပြည်နယ်မှာ မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီးအခြား တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အစိုုးရတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ ပြည်နယ်ရဲ့ ဘန်ယုဝန်ဂီခရိုင်၊ဘာရုကျေးရွာမှာ မြေပြိုတဲ့ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ကာ မြေပြိုမှုအတွင်း အိမ်တစ်လုံးပါသွားခဲ့ပြီး လူနှစ်ဦးသေဆုံးသွားခဲ့တာပါ။ထိခိုက်ဒဏ်ရာရသူ တစ်ဦးရှိပါတယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ ပြောခွင့်ရသူ ဆူတိုပိုပါဝိုနျူဂရိုဟိုက ဆင်ဟွာကို ပြောကြားခဲ့ ပါတယ်။

မြေပြိုမှုဟာမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း မိုးသည်းထန်စွာရွာသွန်းလျင် အင်ဒို နီးရှားနိုင်ငံဟာ ရေကြီးမြေပြိုမှုဒဏ်ကို မကြာခဏကြုံတွေ့ရမြဲဖြစ်ကြောင်း သိရပါတယ်။

(MDN)
ကိုးကား-ဆင်ဟွာ