အောက်တိုဘာ ၁၀
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း အတ်ရှ်ပြည်နယ်တွင် အောက်တိုဘာ ၈ ရက်ညနေပိုင်းက မြေပြိုမှုဖြစ်ပွားသဖြင့် နေအိမ်အတွင်းရှိ ကလေးနှစ်ဦးနှင့် စုံတွဲတစ်တွဲအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဒေသတာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။
အဆိုပါမတော်တဆမှုသည် အတ်ရှ်ပြည်နယ်အလယ်ပိုင်း စီလာလာတောင်ကုန်း ၎င်းတို့နေအိမ်မှာရှိနေချိန်တွင် ဒေသစံတော်ချိန်ည ၁၀ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အတ်ရှ်သဘာဝဘေးလျော့ပါးရေးဆိုင်ရာအေဂျင်စီအကြီးအကဲက စီလာလာဒေသတွင် အောက်တိုဘာ ၈ ရက်က ရာသီဉတုဆိုးရွားခဲ့ရာ ကျေးရွာနှစ်ရွာတွင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံမီဒီယာကိုပြောကြားသည်။
ရေကြီးမြေပြိုမှုများဖြစ်ပွားခဲ့သည့် ကျေးရွာနှစ်ရွာမှရွာသူရွာသားများကို ယမန်နေ့မနက်ပိုင်းက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု၎င်းကဆိုသည်။ စက်ကြီးများအသုံးပြုကာ မြေပြိုမှုကြောင့်ထိခိုက်ခဲ့သည့်လမ်းများအား ရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို