ဂျကာတာ မတ် ၁၂
အင်ဒိုနီးရှားနိုင်ငံသည် သကြားဖူလုံမှုရှိစေရန်နှင့် သွင်းကုန်အပေါ် မှီခိုမှုလျှော့ချရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို မြှင့်တင်ရန် ယခုနှစ်အတွင်း သကြားတန်ချိန် သုံးသန်းထုတ်လုပ်မှုမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ၌ လက်ရှိတွင် သကြားတန်ချိန် ၂ ဒသမ ၆၈ သန်းခန့် ထွက်ရှိရာမှ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းထောက်ပံ့မှုအားကောင်းစေရန်နှင့် ကြံစိုက်ခင်းများ၏ ကုန်ထုတ်စွမ်းအားတိုးမြင့်စေရန် အစိုးရ၏ တွန်းအားဖြစ်စေမှုကို ရောင်ပြန်ဟပ်စေမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး အန်ဒီအမ်ရန် ဆူလိုင်မန်က မတ် ၁၀ ရက်တွင် ပြောကြားသည်။
အဆိုပါ ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေရန် သကြားစက်များအတွက် ကုန်ကြမ်းထောက်ပံ့မှု တိုးမြှင့်ရန် ကြံခင်းဟက်တာတစ်သိန်းအထိ တိုးချဲ့စိုက်ပျိုးမှု အပါအဝင် ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်း ကြံစိုက်ခင်းများ ချဲ့ထွင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အစီအစဉ်သည် စိုက်ပျိုးရေးမြှင့်တင်ရန်နှင့် ကုန်ထုတ်စွမ်းအားတိုးမြှင့်ရန် ဒေသတွင်းအစိုးရများ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် လယ်သမားများ အကြား ပူးပေါင်းပါဝင်သွားမည်မည်ဖြစ်ကြောင်း ဆူလိုင်မန်က ဆက်လက်ပြောကြားသည်။
ဆင်ဟွာ၊ ဓာတ်ပုံ-ANTARA
FOTO/Irfan Sumanjaya/bar


