အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့မှု တားမြစ်ပိတ်ပင်

ဂျကာတာ  ဧပြီ ၂၆

 

ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သော နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီတင်ပို့မှုကို တားမြစ် ပိတ်ပင်လိုက်ကြောင်း  ယနေ့ အင်န်အိတ်ချ်ကေသတင်းတစ်ရပ်အရ သိရသည်။

 

အင်ဒိုနီးရှားအစိုးရသည် စားအုန်းဆီတင်ပို့မှုကို တားမြစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သမ္မတဂျိုကိုဝီဒိုဒို က ဧပြီ ၂၂ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ စားအုန်းဆီတင်ပို့မှု တားမြစ်ပိတ်ပင်ခြင်းသည်  ပြည်တွင်းစာအုန်းဆီ ပြတ်လပ်မှုလျှော့ချရန်နှင့် ဈေးနှုန်းများကို  ထိန်းထားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်လျက် ရှိခြင်းကြောင့် ဆီနှင့်ဆက်စပ်ပတ်သက်သည့် ဈေးနှုန်းများ မြင့်တက်လာမည့်အရေး စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

ကမ္ဘာလုံးဆိုင်ရာ စားအုန်းဆီ ဝယ်လိုအားတိုးလာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံရှိ စားအုန်းဆီဈေးနှုန်းသည်လည်းလွန်ခဲ့သည့်နှစ်ကထက် ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။ ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့တွင် အဓိကထုတ်လုပ်သည့်နေကြာဆီ ပြတ်လပ်မှုများဖြစ်ပေါ်လျက်ရှိစဉ် အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီ တင်ပို့မှု တားမြစ်ပိတ်ပင်မည့် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ၊

ဘာသာပြန်-အလင်းသစ်