အင်ဒိုနီးရှားနိုင်ငံက လူဦးရေ ၂၀၈ ဒသမ ၂ သန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်

ဂျကာတာ ဩဂုတ် ၂၉

အင်ဒိုနီးရှားနိုင်ငံသည် လူဦးရေ ၂၀၈ ဒသမ ၂ သန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်ထားကြောင်း အင်ဒိုနီးရှားကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးသူ ၆၁ ဒသမ ၂၂ သန်း ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်စလုံးထိုးနှံပြီးသူ ၃၄ ဒသမ ၇၀ သန်းရှိကြောင်း အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁ဝဝ၅၀ ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၀၆၆၄၀၄ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကြောင့်သေဆုံးသူ ၅၉၁ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၃၁၃၇၂ ဦးရှိလာကြောင်း သိရသည်။

အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၈၅၉၄ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၃၇၀၈၅၀ ရှိလာကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်