အင်ဒိုနီးရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ စတင်ဆောင်ရွက်

ဂျကာတာ   မတ်   ၁၈

အင်ဒိုနီးရှားနိုင်ငံ၌ အင်ဒိုနီးရှား ရူပီးယား ၁၅၅ ဒသမ ၁၂ ထရီလီယံ (ကန်ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီယံ) တန်ကြေးရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်း ၄၇ ခုကို စတင်ဆောင်ရွက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဝန်ကြီး ဘာလီလာဟာဒါလီရာက မတ်  ၁၇ ရက်က ပြောကြားသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတွင် ခရီးသွားလုပ်ငန်း၊ စက်မှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ကဏ္ဍများမှ လုပ်ငန်းများပါဝင်ကြောင်း ဂျကာတာစဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ စတင်သည့် အခမ်းအနားတွင် ၎င်းက ပြောကြားသည်။ မိမိတို့သည် ကြိုတင်တွက်ဆခန့်မှန်းမှုများကို ဆောင်ရွက်ပြီးမှသာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံကိန်းများကို ခွင့်ပြုရန် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ ယခု ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းရှင်များ အား လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေစေရန်နှင့် ရသင့်သည့် အကျိုးအမြတ်များရရှိစေရန် မိမိတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ