အင်ဒိုနီးရှားနိုင်ငံမှာ မြေပြိုမှုဖြစ်ပွားပြီး လူ ၁၁ ဦး အသက်ဆုံးရှုံး

၂၈ စက်တင်ဘာ

အင်ဒိုနီးရှားနိုင်ငံ ဘိုနီယိုကျွန်းရှိ တာရာကန် ဒေသတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတို့ကြောင့် မြေပြိုကြရာ လူ ၁၁ ဦး အနည်းဆုံးသေဆုံးကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ဒီနေ့ (တနင်္လာနေ့) အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း သေဆုံးသူများတွင် ကလေးငယ် ၅ ဦး ပါဝင်ရာ ၁၀ လသားအရွယ် ကလေးငယ် အမွှာနှစ်ဦးပါရှိကြောင်း သိရပါတယ်။

မြေပြိုမှုကြောင့် အနည်းဆုံးအိမ်ခြေ ၁၉ လုံး ပျက်စီးခဲ့ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်ကလည်း ဆူလာဝေစီတောင်ပိုင်းမှာ ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေကြောင့် လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

လူဦးရေ ၁၂၅ သန်းနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ တစ်ဝက်ကျော်ဟာ မြေပြိုနိုင်ခြေရှိတဲ့ ဒေသတွေမှာ နေထိုင်ကြောင်း နိုင်ငံရဲ့သဘာဝဘေးအန္တရာယ် အေဂျင်စီက ခန့်မှန်းထားပါတယ်။

MDN

ကိုးကား- AFP