အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီပြည်ပတင်ပို့မှုတားမြစ်ချက် ရုပ်သိမ်း

မေ ၂၃

 

အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီပြည်ပတင်ပို့မှုတားမြစ်ချက်ကို ယနေ့တွင် ရုပ်သိမ်းခဲ့သည်။

 

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုသည် ကမ္ဘာလုံးဆိုင်ရာစားအုန်းဆီထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းနီးပါးရှိသော်လည်း ဧပြီလနှောင်းပိုင်းက ပြည်တွင်းလုံလောက်မှုရှိစေရန် ပြည်ပသို့ စားအုန်းဆီတင်ပို့မှုကို တားမြစ်ခဲ့သည်။

 

စားအုန်းဆီ ပြည်ပ တင်ပို့မှုတားမြစ်ချက်ကို ရုပ်သိမ်းရန် အင်ဒိုနီးရှားနိုင်ငံက ဆုံးဖြတ်ခဲ့ကြောင်းနှင့် စားအုန်းဆီပေးပို့မှုတည်ငြိမ်စေရန်နှင့်စားအုန်းဆီဈေးနှုန်းကျဆင်းရန် မျှော်လင့်ထားကြောင်း သိရသည်။

 

စားအုန်းဆီကို အစားအစာများတွင်သာမက အလှပြင်ပစ္စည်းများအပါအဝင် အခြားသောထုတ်ကုန်များတွင်ပါ အသုံးပြုကြသည်။

 

ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံသို့တင်ပို့သော စားအုန်းဆီသုံးပုံတစ်ပုံသည် အင်ဒိုနီးရှားနိုင်ငံမှ ဖြစ်သည်။

 

အင်ဒိုနီးရှားနိုင်ငံ၏ လုပ်ဆောင်ချက်သည် ကမ္ဘာတစ်ဝန်းရှိ စားအုန်းဆီနှင့် အခြားဟင်းချက်ဆီများအပေါ် သက်ရောက်မှု လျော့ပါးလာခြင်းရှိ၊ မရှိကို လူအများက အာရုံစိုက်နေကြသည်။

 

အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီတင်ပို့မှုတားမြစ်ခဲ့ပြီးနောက် ဟင်းချက်ဆီဈေးနှုန်းသည်  ပြီးခဲ့သည့်နှစ်ကထက် ၇၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို