အင်ဒိုနီးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူသုံးဦးသေဆုံး၊ လေဦးပျောက်ဆုံးနေ

ဇူလိုင် ၂၉

 

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဆူလာဝေစီပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် လူသုံးဦးသေဆုံးပြီး အခြားလေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသန္တရသဘာဝဘေးအေဂျင်စီအဆင့်မြင့်အရာရှိတစ်ဦးက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါရေကြီးရေလျှံမှုကြောင့် ပျောက်ဆုံးနေသူများကို ရှာဖွေမှုများလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပါရီဂီမော့တန်ခရိုင် တိုရူကျေးရွာရှိ နေအိမ်များအားလုံး နစ်မြုပ်ခဲ့ကြောင်း ထိုခရိုင်၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ၏ အကြီးအကဲ အိုင်ဒရန်အမ်တီလိုပီက ပြောကြားသည်။

 

ယမန်နေ့ညက မိုးရွာသွန်းသဖြင့် ရေများရုတ်တရက်ကျလာပြီး ၎င်းတို့ရွာရှိနေအိမ်များနှင့်အဆောက်အအုံများအားလုံး နစ်မြုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။ 

 

နေအိမ်များသည် ရေထဲတွင် တစ်မီတာအမြင့်ခန့် နစ်မြုပ်နေသဖြင့် ရွာသားများသည်ကုန်းမြင့်ပေါ်ရှိ အမိုးအကာများအောက်တွင် ခိုလှုံနေကြကြောင်းနှင့် ကယ်ဆယ်ရေးစခန်းများ စီစဉ်ထားကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို