ဂျကာတာ မေ ၂၀

 

အင်ဒိုနီးရှားနိုင်ငံ အနောက် ပါပူအာပြည်နယ်တွင် လွန်ခဲ့သော သီတင်းပတ်က လျှပ်တစ်ပြက် ရေကြီးရေလျှံနှင့် မြေပြိုကျမှုများဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများက နောက်ထပ်သေဆုံးသူ သုံးဦးအား ရှာဖွေတွေ့ရှိ ခဲ့ကြောင်း၊ ယခုအခါ သေဆုံးသူကိုးဦးရှိလာပြီး ၁၁ ဦး ပျောက်ဆုံးနေကြောင်း အဆင့်မြင့်ကယ်ဆယ် ရေးအရာရှိတစ်ဦးက ပြောသည်။

 

ပျောက်ဆုံးသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အနောက်ပါပူအာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးအကြီးအကဲ ယီဖရီဆာဘာရူဒင် က ဆင်ဟွာသို့ ပြောကြားလိုက်သည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးမှု နှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယခုအချိန်အထိ ဆက်သွယ်မှုများ ကန့်သတ်ထားသောကြောင့် ကယ်ဆယ်ရေးသမားများထံ သတင်းအချက်အလက် ထပ်ဆင့်ပေးပို့ခြင်းများ နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

ဆင်ဟွာ