အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာသော အမှိုက်များကို ပြင်သစ်နဲ့ ဟောင်ကောင်သို့ ပြန်လည်ပို့ဆောင်

၃၀ ဇူလိုင်

အင်ဒိုနီးရှားနိုင်ငံသို့  ပြင်သစ်နဲ့ ဟောင်ကောင်မှ ရောက်ရှိလာသော အမှိုက်ကုန်သေတ္တာ ခုနှစ်လုံးကို မူရင်းလာရာသို့ ဒီကနေ့  ပြန်လည်ပို့ဆောင်ခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားပါတယ်။ 

 

1

 

ကုန်သေတ္တာတွေထဲမှာ ပလပ်စတစ်အမှိုက်တွေနဲ့အတူ အန္တရာယ်ရှိတဲ့ အမှိုက်အမျိုးအစားများပါဝင်တာဟာ ပို့ကုန်စည်းမျဉ်းစည်းကမ်းကိုဖောက်ဖျက်ကြောင်း ဘင်တန်ကျွန်းရဲ့ အကောင်ခွန်အရာရှိတစ်ဦးက ပြောပါတယ်။ 

 

2

 

ပြန်လည်တင်ပို့မယ့် အမှိုက်များပါရှိတဲ့ ကုန်သေတ္တာ ခုနှစ်လုံးထဲက  ငါးလုံးကို ဟောင်ကောင်ကို ပြန်ပို့မှာဖြစ်ပြီး နှစ်လုံးကတော့ ပြင်သစ်နိုင်ငံကို ပြန်ပို့မယ်လို့ သိရပါတယ်။ 

 

3

 

နောက်ထပ် အမှိုက်များပါရှိတဲ့ ကုန်သေတ္တာ ၄၂ လုံးကို အမေရိကန်၊ သြစတြေးလျားနဲ့ ဂျာမနီနိုင်ငံတွေဆီကို ပြန်ပို့ရန် လုပ်ဆောင်နေပါတယ်။ 

ကမ္ဘာတဝန်းက အမှိုက်များကို တရုတ်နိုင်ငံက နှစ်ပေါင်းများစွာ လက်ခံနေရာပြီးခဲ့တဲ့ နှစ်ကစပြီး သဘာဝပတ်ဝန်းကျင်ကို သန့်ရှင်းစေရန်အတွက် နိုင်ငံတကာက အမှိုက်တွေကို ငြင်းပယ်ရာမှ မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံတွေဆီကို ရောက်ရှိလာနေတာဖြစ်ပါတယ်။ 

နှစ်စဉ် အမှိုက်တန်ချိန် သန်း ၃၀၀ နီးပါးထွက်ရှိကြောင်း  WWF အရသိရပြီး  အဲဒီအမှိုက်တွေဟာ ကုန်းမြေပေါ်မှာဖြစ်ဖြစ် ပင်လယ်ထဲမှာဖြစ်ဖြစ် စွန့်ပစ်နေရာ  နိုင်ငံတကာ စိုးရိမ်ရတဲ့ ပြဿနာတစ်ရပ် ဖြစ်လာတာကို တွေ့ရပါတယ်။ 

MDN
ကိုးကား - AFP