အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လူရွေးပွဲများ ဒုတိယနေ့ ဆက်လက်ကျင်းပ 

နေပြည်တော်  ၂၆ မေ 

 

၂၀၁၉ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် (ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ရေကူး)အားကစားနည်းများ လူရွေးချယ်ပွဲ ဒုတိယနေ့ကို ယနေ့နံနက် (၇)နာရီမှ စတင် ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ ကြည့်ရှုအားပေးခဲ့ကြသည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသော ပြေးခုန်ပစ်အားကစားနည်း လူရွေးချယ်ပွဲကျင်းပနေပုံ၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Cluster (3)  ၌ကျင်းပသော စားပွဲတင်တင်းနစ်အားကစားနည်း လူရွေးချယ်ပွဲကျင်းပနေပုံ၊ TC(1)  ပိုက်ကျော်ခြင်းရုံ၌ ကျင်းပသော ပိုက်ကျော်ခြင်းအားကစားနည်း လူရွေးချယ်ပွဲကျင်းပနေပုံ၊ TC(1)  တင်းနစ်ရုံ၌ ကျင်းပသော တင်းနစ်အားကစားနည်း လူရွေးချယ်ပွဲကျင်းပနေပုံနှင့် ဝဏ္ဏသိဒ္ဓိရေကူးကန်၌ကျင်းပသော ရေကူးအားကစား နည်း လူရွေးချယ်ပွဲကျင်းပနေပုံများကို ယှဉ်ပြိုင်နေသော အားကစားသမားများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

ge 1.


.