အင်ဒိုနီးရှားနိုင်ငံတွင် လေယာဉ်ငယ်တစ်စင်းပျက်ကျမှု ဖြစ်ပွား

စက်တင်ဘာ ၁၅

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူအာပြည်နယ်၌  လူသုံးဦးလိုက်ပါလာသည့် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှု ယနေ့ဖြစ်ပွားခဲ့သည်။ 

ယင်းပျက်ကျမှုဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးသမားများ ဦးတည်သွားနေကြောင်း အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှပြောရေးဆိုခွင့်ရှိသူ ယူဆတ်ဖ် လာတိဖ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

Rimbun Air လေယာဉ်အပျက်အစီးကို အင်တန်ဂျာရာခရိုင် ဝါဘူတောင်တွင် တွေ့ရှိခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့သည် ယခု ယင်းနေရာသို့ဦးတည်သွားနေသည်ဟု ထိုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို