အင်ဒိုနီးရှားနိုင်ငံတွင် ငလျင် နှင့် ရေကြီးမှုများကြောင့် ၉၆ ဉီး သေဆုံးပြီး ၇၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်

၁၈ ဇန်နဝါရီ

 

 

အင်ဒိုနီးရှားနိုင်ငံတွင် ပြင်းထန်သည့် ငလျင်နှင့် ရေကြီးမှုများကြောင့်  သေဆုံးသူ ၉၆ ဉီးအထိ ရောက်ရှိလာခဲ့ပြီး လူပေါင်း ၇၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အင်ဒိုနီးရှား သဘာဝ ဘေးပတ်ဝန်ကျင်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရာဒစ်ယာဂျာတီက ယနေ့ ပြောကြားခဲ့သည်။

 

 

ပြီးခဲ့သည့် အပတ်အတွင်း အနောက်ဆူလာဝေစီပြည်နယ်တွင် အင်းအားပြင်း ငလျင်နှစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၈၁ ဉီး သေဆုံးခဲ့ပြီး ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဉီး သေဆုံးခဲ့ကြောင်း ၄င်းက ပြောကြားခဲ့သည်။

 

 

ငလျင်များကြောင့် လူပေါင်း ၂၈၀၀၀ အား အနောက်ဆူလာဝေဆီပြည်နယ် ခရိုင်များတွင် ရှိသည့်  ကယ်ဆယ်ရေးစခန်း ၂၅ ခုတွင် ခိုလှုံနေခဲ့ရပြီး ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၄၀၀၀၀ နီးပါးမှာ တောင်ပိုင်း ကာလီမင်တန်ပြည်နယ် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေခဲ့ရကြောင်း သူက ဆိုသည်။

 

 

ငလျင်ကြောင့် ခရိုင်အတွင်းရှိ အိမ်ပေါင်း ၁၁၅၀ ပျက်စီးခဲ့ရပြီးနောက် စာသင်ကျောင်း ငါးကျောင်း ပျက်စီးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်