အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးမှုကြောင့် သုံးဉီးပျောက်ဆုံး၊  လူ ၂၀ ခန့် ဒဏ်ရာရရှိ

၂၂ စက်တင်ဘာ

 

 

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ နှင့် အနီးပတ်ဝန်းကျင် ဒေသများတွင် ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လူသုံးဉီး ပျောက်ဆုံးခဲ့ပြီးနောက် အခြားသူ ၂၀ ကျော်မှာ ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီမှ တာဝန်ရှိသူ တစ်ဉီးက စက်တင်ဘာလ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။

 

 

စက်တင်ဘာလ ၂၁ ရက်နေ့ အတွင်းက ဂျကာတာမြို့တော်အနီး ပတ်ဝန်ကျင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး မြို့တော်အနီးပတ်ဝန်းကျင်ရှိ  ဒေသအားလုံး ရေနစ်မြုပ်ခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ရာဒီရာ ဂျာတီက ပြောကြားခဲ့သည်။

 

 

အနောက်ဂျာဗားပြည်နယ် ဆူကာဘူမီခရိုင်တွင် ရေကြီးမှုကြောင့် လူသုံးဉီး ပျောက်ဆုံးခဲ့ပြီးနောက်  ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ရာဒီရာဂျာတီက ဆင်ဟွာသို့ သတင်းပေးပို့ခဲ့သည်။

 

 

လူပေါင်း ၂၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး မိသားစုပေါင်း ၂၁၀ ၊ နေအိမ် ၉ လုံးနှင့်တံတား ၁၀ စင်းတို့မှာ ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်