အင်ဒိုနီးရှားတောမီးကထွက်လာတဲ့ မီးခိုးငွေ့တွေဟာ ဘော်နီရို ရှိ လူဝံတွေအပေါ်ပါ သက်ရောက်မှုရှိလာ

၁၉ စက်တင်ဘာ

 

အင်ဒိုနီးရှားနိုင်ငံမှာ တောမီးအကြီး အကျယ်လောင်နေတဲ့အတွက် ထွက်ပေါ်လာတဲ့ အဆိပ်မီးခိုးငွေ့တွေဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ စင်ကာပူနဲ့ မလေးရှားနိ်ုင်ငံတွေအထိ ပျံ့နှံ့လာနေချိန်မှာ ဘော်နီရိုကျွန်းမှာ နေထိုင်တဲ့  လူဝံတွေအပေါ် သက်ရောက်မှုရှိလာတဲ့အတွက် လူဝံကယ်ဆယ်ရေးအသင်းက ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြောင်း အင်္ဂါနေ့က  ပြောကြားပါတယ်။ 

 

တောမီးလောင်ကျွမ်းနေတဲ့ ဆူမားတြားနဲ့ဘော်နီယိုဒေသဆီကို ထောင်ချီတဲ့စစ်သားတွေကို မီးငြှိမ်းသတ်ရန် အစိုးရက စေလွှတ်ထားပြီး ဝေဟင်ကနေ မီးငြှိမ်းသက်နိုင်ရန် လေယာဉ်တွေပါစေလွှတ်ထားကြောင်း သိရပါတယ်။ 

 

တောမီးတွေ ပုံမှန်အားဖြင့် စိုက်ပျိုးမြေဖော်ဆောင်ရေးအတွက် တရားမဝင် မီးရှို့ရာကနေ စတင်လေ့ရှိပြီး အခုတော့ အရှေ့တောင်အာရှ တစ်ဝိုက်ရှိ ဒေသတွေပါ မီးခိုးငွေ့တွေ နဲ့ မွန်းကြပ်လာစေခဲ့ပါတယ်။ 

 

လူဝံတွေကို ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ (BOSF) ရဲ့ထုတ်ပြန်ချက်မှာ ဝန်ထမ်းရဲ့ ကျန်းမာရေးကို စိုးရိမ်ရသလို သူတို့စောင့်ရှောက်နေတဲ့ လူဝံ ၃၅၅ ကောင်ရဲ့ အသက်ရှူရေးမှာပါ အကျိုးသက်ရောက်မှ ုရှိလာပါတယ်။ လူဝံငယ် ၃၇ ကောင်ရဲ့  အသက်ရှူ လမ်းကြောင်းမှာ ဒဏ်ရာရသလိုမျိုးပါ ဖြစ်နေတယ်လို့ ရေးသားထားပါတယ်။ 

 

၁၉၇၃ ခုနှစ်ရဲ့ စာရင်းအရ ဘော်နီရိုကျွန်းမှာ လူဝံအရေအတွက် ၂၈၈,၅၀ဝ ရှိခဲ့ရာကနေ ဒီနေ့အချိန်မှာတော့ ၁၀ဝ,ဝ၀ဝ ဝန်းကျင်သာရှိသာကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား - AFP