အင်ဒိုနီးရှားတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၃၆ ဦး ထပ်မံတွေ့ရှိ

၁၄ စက်တင်ဘာ

 

အင်ဒိုနီးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၃၆ ဦး ထပ်မံတွေ့ရှိရပြီး ကူးစက်ခံရသူပေါင်း ၂၁၈၃၈၂ ဦး အထိ မြင့်တက်လာသည်။

 

ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၇၃ ဦး ရှိပြီး သေဆုံးသူပေါင်း ၈၇၂၃ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

ကူးစက်ခံရပြီးနောက် ရောဂါပိုးကင်းစင်လာသဖြင့် ဆေးရုံများမှ  ၂၅၅၂ ဦး ထပ်မံဆင်းသွားပြီ ဖြစ်ရာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၅၅၀၁၀ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံ၏ ပြည်နယ် ၃၄ ခုတွင် ရောဂါကူးစက်မှုများ ဖြစ်ပွားခဲ့သည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဂျကာတာတွင် ကူးစက်ခံရသူဦးရေ ၁၃၈၀၊ အလယ်ဂျာဗားတွင် ၂၈၂ ဦး၊ အရှေ့ဂျာဗားတွင် ၂၄၉ ဦး၊ Aceh တွင် ၂၁၂ ဦး၊ Riau တွင် ၂၁၂ ဦးနှင့် အရှေ့ ကာလီမန်တန်တွင် ၁၇၄ ဦး တို့ ရောဂါကူးစက်ခံရသည်။

 

လမ်ပန်နှင့် အနောက် ပါပူအာ ပြည်နယ်နှစ်ခုတို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထပ်မံ တွေ့ရှိခြင်းမရှိခဲ့ပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို