အင်ဒိုနီးရှားတွင် သတ္တုတွင်း ပြိုကျမှုကြောင့် သုံးဦးသေဆုံး၊ တစ်ဦးပျောက်ဆုံးနေ

၂၉ ဇူလိုင်

 


အင်ဒိုနီးရှားနိုင်ငံ ဘန်ဂါ ဘေလီတောင် ပြည်နယ်တွင် သတ္တုတွင်းတစ်တွင်း ပြိုကျခဲ့သဖြင့် ယမန်နေ့က သတ္တုတွင်းလုပ်သား ရုပ်အလောင်းကို ဆယ်ယူခဲ့ပြီးနောက် သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း  သဘာဝဘေးအေဂျင်စီ၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။

 


ဘေလီတောင် တီမာခရိုင် စီလီဆင်း ကျေးရွာရှိ ပီတီ တီမာရှ် ကုမ္ပဏီက ပိုင်ဆိုင်သော သတ္တုတွင်းတစ်တွင်း၌ စနေနေ့က သတ္တုတွင်းပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ထိုပြည်နယ် သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီ၏ အရေးပေါ်ယူနစ်နှင့် လုပ်ငန်းလည်ပတ်မှု အကြီးအကဲဖြစ်သူ အက်ဝင်း အာဘူ နာဝါ က ပြောကြားခဲ့သည်။

 


သဲတောင်ကုန်းပြိုကျမှုကြောင့် ထိုနေရာတွင် လုပ်ကိုင်နေသော သတ္တုလုပ်သားများ ထိခိုက်မိကာ သတ္တုလုပ်သား ၁၀ ဦးအနက် လေးဦး နစ်မြှုပ်ခဲ့သည်ဟု ၎င်းက သတင်းထောက်များကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်။

 


သတ္တုတွင်းလုပ်သားများသည် ထိုကုမ္ပဏီ၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။ ၎င်းလုပ်သားများသည် ယင်းကုမ္ပဏီ၏ သတ္တုတွင်းတွင် လုပ်ကိုင်နေကြသူများဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

 


ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် စနေနေ့မှ စတင်လုပ်ဆောင်ခဲ့ပြီး လုပ်ငန်းများကို  ယနေ့ပြန်လည်စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးများမှ ဝန်ထမ်းများ၊ စစ်သားများနှင့် ရဲအဖွဲ့အပါအဝင် သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီရုံးနှင့် စေတနာ့ဝန်ထမ်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း  ၎င်းက ပြောကြားခဲ့သည်။

 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို