ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဥပဒေဘာသာပြန်ကော်မရှင်
အမိန့်အမှတ် ၅ /၂၀၂၂
၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက်
(၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်)
၁။ ဥပဒေဘာသာပြန်ကော်မရှင်က ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အတည်ပြုသည့် အင်္ဂလိပ် ဘာသာဖြင့် ပြဋ္ဌာန်းထားသော The Guardians and Wards Act ၏ မြန်မာဘာသာပြန်ဆိုချက်ကို ယင်းဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) အရ ထုတ်ပြန်ကြေညာလိုက်သည်။
၂။ ဖော်ပြပါ မြန်မာဘာသာပြန်ဆိုထားသည့် ဥပဒေသည် မူလစာမူနှင့် အလားတူ အာဏာတည်ရမည်။
(ဒေါက်တာသီတာဦး)
ဥက္ကဋ္ဌ
ဥပဒေဘာသာပြန်ကော်မရှင်